Sunday, October 25, 2009



KISS - SANDARA PARK (Feat...CL)

2NE1 အဖွဲ့ရဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်-ကိုးရီးယားသူလေး SANDARA PARK (산다라박) ရဲ့ KISS ဆိုတဲ့သီချင်းလေးပါ။
အဖွဲ့ခေါင်းဆောင် CL က Feat လုပ်ပေးထားတဲ့ 2NE1 အဖွဲ့ရဲ့ဆိုနေကျ Dance pop ပုံစံခပ်မြူးမြူးတေးလေးပါ ။ " I just wanna kiss I never wanna miss " ...2NE1....


사랑인걸요- TAE YEON & SUNNY [Girls' Generation (소녀시대)]

Girls' Generation (소녀시대) အဖွဲ့ရဲ့ TAE YEON နဲ့ SUNNY သီဆိုထားတဲ့ 맨땅에 헤딩 ရုပ်သံဇတ်လမ်းတွဲ ထဲက 사랑인걸요 ဆိုတဲ့ သီချင်းအေးအေးလေးပါ ။ ရှိုက်သံလေးတွေနဲ့ခံစားမှုအပြည့်သီဆိုထားလို့ ရင်ထဲကိုထိသွားစေတဲ့ 이게.. 사랑인걸요...

Saturday, October 17, 2009




30 MINUTES AGO - LEE HYUN(Feat -IMM CHOUNG HYEE )

8Eight အဖွဲရဲ့ အသံအကောင်းဆုံးဖြစ်တဲ့LEE HYUN ရဲ့ တကိုယ်တော် အယ်ဘမ်လေးထဲက 30 MINUTES AGO ဆိုတဲ့ သီချင်းလေးပါ ။ ခံစားမှုအပြည့်နဲ့ရှိုက်ဆိုတတ်တဲ့ သူ့ရဲ့ထူးခြားတဲ့အသံရယ် အဆိုပိုင်နိုင်မှုရယ်ကြောင့် နားထောင်ရင်း ဆိုင်သူကိုသတိရစေမယ့် သီချင်းလေးပါ ။ IMM CHOUNG HYEE က Feat လုပ်ထားတာလေးကလည်းပိုနားထောင်ကောင်းစေပါတယ် ။



LA CHA TA - F(X)


Girl' s Generation (소녀시대) နောက် SM Entertainment မှ ထပ်မံမြေတောင်မြှောက်ပေးလိုက်တဲ့ F(X) အဖွဲ့ရဲ့ LACHATA ဆိုတဲ့ သီချင်းလေးပါ ။ VICTORIA , AMBER , KRYSTAL , SUL LI , LUNA ဆိုတဲ့ ကောင်မလေး ငါးယောက်နဲ့ဖွဲ့စည်းထားပြီး လက်ရှိလူကြိုက်များနေတဲ့ အဖွဲ့လေးဖြစ်ပါတယ် ။ LA CHA LA CHA.... TA TA......

ဒါကတော့ MUSIC VIDEO လေးပါ....................

လူဆိုတာ အုံလိုက်ကျင်းလိုက်နေထိုင်တဲ့ သတ္တ၀ါတွေဘဲ

မင်းမရှိတဲ့ အချိန်တိုင်းတော့ မိုးကောင်းကင်ကို ခေါင်းနဲ့ ၀င်တိုက်ဖူးတာ

အခါခါဘဲ ။

မနက်ဘက် ထွက်ခွါသွားတဲ့ ရထားတစ်စင်းဟာ ညနေမှာပြန်ဆိုက်ကပ်မှာလား

ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်

ညနေတိုင်းဘဲ ။

ဦးထုပ် ခပ်ငိုက်ငိုက်မှောင်နေတဲ့ ဘူတာအိုလေးထဲမှာ

ဥသြသံတွေကို မျှော်လင့်နားစွင့်ရင်း အခါခါထကြည့်မိတယ်

မင်းမှမဟုတ်တာဘဲ ။

ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွတ်ခြင်း ဘယ်ဟာက ပိုလက်တွေ့ကျသလဲ

ငါကတော့ ငါ့ရင်ဘက်ကြိုးတွေကို သွေးအလိမ်းလိမ်းနဲ့ ဖြေလျှော့ပေးခဲ့တာပါ

မင်းထွက်သွားနိုင်ဖို့ဘဲ ။

ဒီဘူတာလေးနဲ့ သံလမ်းလေးတွေကို အမြဲရှင်းသန့် နေစေခဲ့တာ မြင်နိုင်မလား

အိုဟောင်းနေပေမယ့် ဒဏ်ရာ စုတ်ချက်တွေကြောင့် ရင့်ကျက်နေခဲ့ပြီလေ

မင်းပြန်လာမယ်ထင်နေတုန်းဘဲ ။

မည်မျှ
မည်၍
မည်သည့်နေ့

ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်

Wednesday, October 7, 2009


안 줄래-4Minute

4minute အဖွဲ့ရဲ့ နောက်ထပ်နားထောင်းကောင်းတဲ့ 안 줄래 ဆိုတဲ့သီချင်းလေးပါ ။ 안 줄래 줄래 줄래 ah ah aaa

Monday, September 7, 2009




씹다버린 껌 - 청림 (Chong Lim)
청림 (Chong Lim) ရဲ့ STEP ဆိုတဲ့ အယ်လ်ဘမ်ထဲက 씹다버린 껌 ဆိုတဲ့ R & B တေးလေးပါ ။ တခါနားထောင်ပြီးရင် နောက်တခေါက်လောက် ထပ်နားထောင်မိစေတဲ့ သီချင်းလေးပါ ။ Mnet Media ကနေထုတ်လုပ်ထားပါတယ် ။

Friday, September 4, 2009



What A Girl Wants - 4 Minute

လွန်ခဲံတဲ့ နှစ်လလောက်က ထွက်ရှိ့ခဲ့တဲ့ Hot Issue ဆိုတဲ့ သီချင်းလေးနဲ့ K POP လောကထဲကို ၀င်ရောက်လာပြီး နေရာတနေရာရလာခဲ့တဲ့ 4 MINUTE အဖွဲ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထဲက What A Girl Wants ဆိုတဲ့ သီချင်းလေးပါ ။ သံစဉ်ချိုချိုလေးရယ် အဓိပါယ်ပြည့်ဝတဲ့ စာသားလေးတွေကြောင့် ကြိုက်မိနေပါတယ် ။ Hyoung NA , Gi Hyoung ,Ga youn , Gi youn ,So Hyoung ဆိုတဲ့ ကောင်မလေးငါးယောက်နဲ့ ဖွဲ့စည်းထားပြီး CUBE Entertainment ကနေထုတ်လုပ်ထားပါတယ် ။

Music Video





Muzik- 4 Minute
ဒါကတော့ အဲ့ဒီ အယ်လ်ဘမ်ထဲက Muzik ဆိုတဲ့ သီချင်းမြူးမြူးလေးပါ ။

ဒါကတော့ Muzik - 4 Minute Music Video လေးပါ ။





Hot Issue - 4 Minute
4 Minute ရဲ့ ပထမဆုံးထွက်တဲ့ Hot Issue ဆိုတဲ့သီချင်းလေးပါ ။

Tuesday, September 1, 2009

20 's Choice ဆုပေးပွဲမှာ ဖျော်ဖြေသွားတဲ့ 2NE1 ရဲ့ တမူထူးခြားတဲ့ရှိုးပွဲလေးပါ ။ ပရိသတ်ကို ရသအပြည့်ပေးခဲ့နိုင်ပြီး ဖျော်ဖြေမှုရော စတိတ်အပြင်အဆင်က အစ ပရိသတ်တွေ စွဲငြိသွားစေခဲ့တဲ့ ........2222 NNNN EEEE 1111..............



Wanna - Kara

SUNG YOUNG , GYU LI , NICOLE , HARA , JI YOUNG ဆိုတဲ့ အလှပဂေး မလေး ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ KARA အဖွဲ့ရဲ့ လက်ရှိ လူကြိုက်များနေတဲ့ WANNA ဆိုတဲ့ သီချင်းအသစ်လေးပါ ။ DSP Entertainment ကထုတ်လုပ်ထားပါတယ် ။


ဒါကတော့ Music Video လေးပါ ။

Saturday, August 29, 2009



Heartbreaker-G Dragon

BIG BANG အဖွဲ့ရဲ့ခေါင်းဆောင် G Dragon ရဲ့ Heartbreakerဆိုတဲ့အယ်လ်ဘမ်အသစ်ထဲက ခေါင်းစဉ်းသီချင်းလေးပါ။ လက်ရှိ Topone ဖြစ်နေတဲ့ ဒီသီချင်းလေးကို G Dragon ကိုယ်တိုင်ရေးစပ်ထားပြီး YG Entertainment ကနေထုတ်လုပ်ထားပါတယ်။



Heartbreaker - G Dragon music video လေးပါ ။



Breath-G Dragon

ဒီသီချင်းလေးကလည်း သူကိုယ်တိုင်ရေးထားပါတယ် ။ နားထောင်လို့ ကောင်းတဲ့ Rap သီချင်းချိုချိုလေးပါ ။
မနက်ဖြန်ဆိုရင်လည်း လွမ်းရဦးမယ်

နာကျည်းမှု အသီးအပွင့်တွေ ပျွတ်သိပ်လိုက်ချင်တယ်

ဒါပေမယ့် ဒဏ်ရာသစ်ပင်ကြီးက နာကျည်းစရာမြေသြဇာ ရှာလို့မရဘူး..........


အမုန်းမိုးတွေ အူလှိုက်သည်းလှိုက် ရွာချလိုက်ချင်တယ်

ဒါပေမယ့် အမုန်းမိုးတိမ်တွေဖြစ်ဖို့ မြစ်ဖျားခံရေခိုးရေငွေ့ တွေကမသိချင်ယောင်ဆောင်နေတယ်..........


သံယောဇဉ်တွေကို မာနစိတ်လွှသွားနဲ့ အတုံးလိုက်အတစ်လိုက် ဖြတ်ချလိုက်ချင်တယ်

ဒါပေမယ့် နှလုံးသားလူမိုက်က လွှသွား ဘယ်မှာသွားဝှက်ထားမှန်းမသိဘူး..........


မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မြေသြဇာ မရှိဘူး..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မသိချင်ယောင် ဆောင်နေတယ်..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
လွှသွားကိုလည်း ၀ှက်ထားတုန်းဘဲ..........

ဗုဒ္ဓေါ.......................................
ဒါဆို မနက်ဖြန်လည်း လွမ်းရဦးမှာပါလား..............