Saturday, August 29, 2009



Heartbreaker-G Dragon

BIG BANG အဖွဲ့ရဲ့ခေါင်းဆောင် G Dragon ရဲ့ Heartbreakerဆိုတဲ့အယ်လ်ဘမ်အသစ်ထဲက ခေါင်းစဉ်းသီချင်းလေးပါ။ လက်ရှိ Topone ဖြစ်နေတဲ့ ဒီသီချင်းလေးကို G Dragon ကိုယ်တိုင်ရေးစပ်ထားပြီး YG Entertainment ကနေထုတ်လုပ်ထားပါတယ်။



Heartbreaker - G Dragon music video လေးပါ ။



Breath-G Dragon

ဒီသီချင်းလေးကလည်း သူကိုယ်တိုင်ရေးထားပါတယ် ။ နားထောင်လို့ ကောင်းတဲ့ Rap သီချင်းချိုချိုလေးပါ ။
မနက်ဖြန်ဆိုရင်လည်း လွမ်းရဦးမယ်

နာကျည်းမှု အသီးအပွင့်တွေ ပျွတ်သိပ်လိုက်ချင်တယ်

ဒါပေမယ့် ဒဏ်ရာသစ်ပင်ကြီးက နာကျည်းစရာမြေသြဇာ ရှာလို့မရဘူး..........


အမုန်းမိုးတွေ အူလှိုက်သည်းလှိုက် ရွာချလိုက်ချင်တယ်

ဒါပေမယ့် အမုန်းမိုးတိမ်တွေဖြစ်ဖို့ မြစ်ဖျားခံရေခိုးရေငွေ့ တွေကမသိချင်ယောင်ဆောင်နေတယ်..........


သံယောဇဉ်တွေကို မာနစိတ်လွှသွားနဲ့ အတုံးလိုက်အတစ်လိုက် ဖြတ်ချလိုက်ချင်တယ်

ဒါပေမယ့် နှလုံးသားလူမိုက်က လွှသွား ဘယ်မှာသွားဝှက်ထားမှန်းမသိဘူး..........


မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မြေသြဇာ မရှိဘူး..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မသိချင်ယောင် ဆောင်နေတယ်..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
လွှသွားကိုလည်း ၀ှက်ထားတုန်းဘဲ..........

ဗုဒ္ဓေါ.......................................
ဒါဆို မနက်ဖြန်လည်း လွမ်းရဦးမှာပါလား..............