Thursday, June 10, 2010



Without U - 2PM


လက်ရှိ ကိုရီးယားဂီတလောကမှာ အပေါက်ဆုံးလို့ ပြောလို့ ရတဲ့ 2PM ရဲ့ Don't Stop Can't Stop ဆိုတဲ့အယ်ဘမ်ထဲက Without U ဆိုတဲ့ သီချင်းလေးပါ ။ အဓိပါယ်လေးရော ဆိုထားတာလေးရော ထူးခြားတာမို့ အရမ်းကြိုက်နေမိတယ် ။ သူ့ ရှေ့ က စီနီယာတွေဖြစ်တဲ့ rain,lee hyo ri တို့ ကိုကျော်ပြီး နံပါတ်တစ်နေရာကိုပိုင်ဆိုင်ထားတာလည်း 2PMရဲ့အရည်းအချင်းတပါးပါဘဲ ။ JYP Entertainment ကနေထုတ်လုပ်ထားပါတယ် ။ SBS ရုပ်သံမှာဖျော်ဖြေသွားတဲ့ ရှိုးပွဲလေးကိုပါတင်ပြလိုက်ပါတယ် ။

"" I’m gonna be ok (Gonna be ok) I’ll be ok (Gonna be ok)
baby, without you (without you) baby, without you (without you)
너 없이 멋지게 (없이 멋지게) 더 멋지게 (없이 멋지게)
일어날 거야 (without you) 살아갈 거야 (without you) ""





너 아니면 안돼 - 예성 (Yae Song)

Super Junior အဖွဲ့ရဲ့ ထူးခြားတဲ့အသံရှင် 예성 (Yae Song) ရဲ့ 너 아니면 안돼 ဆိုတဲ့ဇာတ်ဝင်တေး အေးအေးလေးပါ ။
အရမ်းနားထောင်ကောင်းပြီး ရင်ထဲကိုထိနေလို့  ညတိုင်းနားထောင်ဖြစ်နေမိတယ် ။ နားထောင်ကြည့်ပါလား ရင်ဘတ်ကိုတကယ် ထိတာ..
ဒီစာသားလေး ပေါ့..

"" 니가 아니면 안돼 너 없이 난 안돼
나 이렇게 하루 한달을 또 일년을
나 아파도 좋아 내 맘 다쳐도 좋아 난
그래 난 너 하나만 사랑하니까 ""


Chitty Chitty Bang Bang - LEE HYO RI (Feat. Ceejay of Freshboyz)

အသက်အရွယ်အပိုင်းအခြားမရွေး ကိုကို ဦးဦး ဘဘ ဘိုးဘိုးတို့ အထိ ဆွဲဆောင်နိုင်တဲ့ KOREAR SEXY ICON ဖြစ်တဲ့ LEE HYO RI (이효리) ရဲ့ H-LOGIC ဆိုတဲ့ အယ်ဘမ် အသစ်လေးထဲက Chitty Chitty Bang Bang ဆိုတဲ့ သီချင်းလေးပါ ။ သူဆိုနေကျပုံစံအတိုင်း ခမ်မြူးမြူးလေးနဲ့ အကဦးစားပေး ရိုက်ချက်တွေကြောင့် ပရိသတ်တွေကြိုက်ကြဦးမှာပါ ။

"" Chitty Chitty Bang Bang

Chitty Chitty Bang Bang ""




널 붙잡을 노래 - 비(RAIN)

ကိုရီးယားမှာသာမက ကမ္ဘာ့ ပရိသတ်တွေအထိ ဆွဲဆောင်နိုင်ခဲ့တဲ့ WORLD STAR ...비(RAIN) ရဲ့ Back to the basic ဆိုတဲ့ အယ်ဘမ်အသစ်ထဲက 널 붙잡을 노래 ဆိုတဲ့ သီချင်းအေးအေးလေးပါ ။ ခံစားမှုအပြည့်သီဆိုထားတဲ့ သီချင်းလေးရယ် တင်ပြထားတဲ့ Music Video လေးက လိုက်ဖက်လှပါတယ် .......

"" 나는 어떡해 나는 어떡해

제발 오 제발 사랑해… ""