Wednesday, December 23, 2009



사랑경보 - H - EUGENE (FEAT..JU HYEE)

ခုတလော လူကြိုက်များနေတဲ့ H - EUGENE ရဲ့ 사랑경보 ဆိုတဲ့ RAP သီချင်းလေးပါ ။ EIGHT အဖွဲ့ရဲ့ အဆိုရှင်မလေး JU HYEE က
Feat လုပ်ပေးထားတာလေးက နားထောင်လို့ ပိုကောင်းစေပါတယ် ။ UUM Entertrainment ကထုတ်လုပ်ထားပါတယ် ။


NO LOVE NO MORE - PARK JIN YOUNG

K - POP လောကရဲ့ ဘုရင်တဆူဖြစ်တဲ့ PARK JIN YOUNG ရဲ့ အသစ်ထွက်တဲ့ Album ထဲက NO LOVE NO MORE ဆိုတဲ့ သီချင်းလေးပါ ။ JYP Entertrainment ကိုတည်ထောင်ထားပြီး ကိုယ်တိုင်သီဆိုယုံတင်မက အဆိုရှင်မျိုးဆက်သစ်တွေကို မွေးထုတ်ပေး နေတဲ့ ဂီတပါရမီရှင်တယောက်ဖြစ်ပါတယ် ။

Music Video လေးကလည်း စိတ်ဝင်စားစရာပါ ။

" NO LOVE NO MORE "
" NO LOVE NO MORE "

Friday, December 11, 2009



너 때문에 - AFTER SCHOOL
လက်ရှိမှာ NO.1 ဖြစ်နေတဲ့ AFTER SCHOOL ရဲ့ 너 때문에(Because of You) ဆိုတဲ့ သီချင်းလေးပါ ။ Album တခုထွက်တိုင်း အဖွဲ့ဝင်အပြောင်းအလဲဖြစ်တတ်တဲ့ အတိုင်း အခုလည်း ယခင် ခြောက်ယောက်ကနေ တယောက်ထွက်သွားပြီး အသစ်နှစ်ယောက်တိုးလာလို့ ခုနှစ်ယောက်ဖြစ်သွားပါတယ် ။ Gar Hyee , Jungah , yui , Ju Yoen , Baega တို့ဟာ ယခင်အဖွဲ့ဝင်ဟောင်းတွေဖြစ်ပြီး NaNa , Reinaတို့ဟာ ယခုအသစ်ဝင်လာသူလေးတွေဖြစ်ပါတယ် ။ သံစဉ်လေးရော စာသားလေးပါ လှတာမို့ လက်ရှိ NO.1 ဖြစ်နေတာမဆန်းပါဘူး ။ Pledis Entertrainment ကနေထုတ်လုပ်ထားပါတယ် ။

"" 아직도...나 그대를...잊지 못해
I never forget ... boy I never forget ... boy ""

ဒါကတော့ Music Video လေးပါ ။


သူငယ်ချင်းတို့ ရသနှစ်မျိုးခံစားနိုင်အောင် SBS ရုပ်သံမှာဖျော်ဖြေသွားတာလေးကိုပါ တင်ပြလိုက်ပါတယ် ။ ခံစားလိုက်ပါဦး ...


Bo Peep Bo Peep - T-ARA
ယခုနှစ်အတွင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး K-POP လောကမှာနေရာရလာတဲ့ T-ARA ရဲ့ Absolute First Album ထဲက Bo Peep Bo Peep ဆိုတဲ့Dance သီချင်းလေးပါ ။ Eun Jung , Hyo Min , Ji Yeon , So Yeon , Bo Ram , Qu Ri ဆိုတဲ့ကောင်မလေး ခြောက်ယောက်နဲ့
ဖွဲ့စည်းထားပြီး Core Contents Media မှထုတ်လုပ်ထားပါတယ် ။


YOU YOU YOU - T-ARA
အဲ့ဒီ Album လေးထဲက နားထောင်ကောင်းတဲ့ RAP သီချင်းလေးပါ ။

FALLING U - T-ARA
နောက်ထပ် Repeat လုပ်မိအောင် နားထောင်ကောင်းတဲ့ R&B သီချင်းချိုချိုလေးပါ ။ ဒီ Album လေးထဲမှာ ဒီသီချင်းလေးကို အကြိုက်မိ
ဆုံးပါဘဲ ။

어렵고도 쉬운 - F(x) (Luna & Krystal)




F(x) အဖွဲ့ရဲ့ ကောင်မလေးနှစ်ယောက်ဖြစ်တဲ့ Luna & Krystal တို့ရဲ့ 천하무적이평강OST part.3 ဇာတ်ကားအတွက် သီဆိုထားတဲ့
어렵고도 쉬운 ဆိုတဲ့ ဇာတ်ဝင်သီချင်းအေးအေးလေးပါ ။ SM Entertrainment ကနေထုတ်လုပ်ထားပါတယ် ။

어렵고도 쉬운 - F(x) (Luna & Krystal)

အဖွဲ့ဝင် အသစ်တယောက် အပြောင်းအလဲနဲ့အတူ SEEYA ရဲ့ဆိုနေကြပုံစံမဟုတ်တော့ဘဲ အသွင်သစ်သီချင်းပုံစံလေးနဲ့ ပြန်လာတဲ့
그 놈 목소리 ဆိုတဲ့နားထောင်ကောင်းတဲ့ခပ် မြူးမြူး Dance သီချင်းလေးပါ ။ Lee Bo Ram , Kim Yeon Ji , SuMi ဆိုတဲ့ ကောင်
မလေးသုံးယောက်နဲ့ ဖွဲ့စည်းထားပြီး Core Contents Media မှထုတ်လုပ်ထားပါတယ် ။

그 놈 목소리 - SEEYA

Wednesday, November 18, 2009



Heartbeat - 2PM

ဒီနှစ် ၂၀၀၉ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသားအဖွဲ့လိုက်ဆုနဲ့ အကောင်းဆုံး အဆိုရှင်ဆုကို ရဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့
နုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ 2PMရဲ့ အဖွဲ့ခေါင်းဆောင် JaeBeom နုတ်ထွက်ပြီးနောက်ပထမဆုံး ပြန်လည် ထွက်ရှိတဲ့ Heartbeat ဆိုတဲ့သီချင်းလေးပါ ။ JaeBeom , JunSu , ChanSung , JunHo , WooYoung , HtetYoun , Nichkhun ဆိုတဲ့ လူငယ်
၇ ယောက်နဲ့ ဖွဲ့စည်းထားပေမယ့် မကြာသေးမီက ခေါင်းဆောင် JaeBeom နုတ်ထွက်သွားပြီး ၆ ယောက်သာကျန်တဲ့ 2PM အဖွဲ့ရဲ့
ကိုဒီသီချင်းလေးကိုJYP Entertrainment မှထုတ်လုပ်ထားပါတယ် ။တမူထူးခြားတဲ့ သီချင်းပုံစံရယ် ကကွက်တွေရယ်ကြောင့်
ပရိသတ်တွေ အကြိုက်တွေ့ပြီး ထပ်မံအောင်မြင်ဦးမှာပါ ။ SBS ရုပ်သံမှာ ဖျော်ဖြေသွားတဲ့ ဒီသီချင်းလေးရဲ့ ပထမဆုံး ရှိုးပွဲလေးကို
အောက်ဘက်မှာ ရှုစားကြည့်လိုက်ပါဦး ။ တင်ဆက်ပုံနဲ့ ကကွက်တွေက တမူထူးခြားလို့ ပရိသတ် အကြိုက်တွေ့နေကြပါတယ် ..
"" Listen to my heartbeat....
It's beating for you

Listen to my heartbeat....
It's waiting for you ...................""

Tuesday, November 17, 2009



WEDDING DRESS - TAE YANG ( 태양 )

BIG BANG အဖွဲ့ရဲ့ R & B အဆိုရှင် TAE YANG ( 태양 ) ရဲ့ WEDDING DRESS ဆိုတဲ့ သီချင်းလေးပါ ။ သူဆိုနေကျပုံစံ အတိုင်း
R & B သီချင်းငြိမ့်ငြိမ့်လေးနဲ့ ဖန်တီးထားတဲ့ ကကွက်ကလေးတွေရယ် Music Video ဇာတ်လမ်းလေးတွေက ရင်ထဲကိုထိစေပါတယ် ။
ပရိသတ်တွေကို ပြုစားနိုင်လောက်တဲ့ ဒီသီချင်းလေးကို YG Entertrainment ကနေ ထုတ်လုပ်ထားပါတယ် ။ ခံစားကြည့်လိုက်ပါနော်..

"" 네가 입은 Wedding Dress

네가 입은 Wedding Dress

내가 아니잖아

Wedding Dress

oh !!! 네가 입은 Wedding Dress !!! oh no !! ""





CHU ♡ - f(x)

f(x) ရဲ့ဒုတိယမြောက် ထွက်လာတဲ့ Chu♡ ဆိုတဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးပါ ။ ပထမ ထွက်ရှိခဲ့တဲ့ LACHATA မှာ ကတည်း
က ပရိသတ်တွေ ရခဲ့တဲ့ f(x) တို့ အခုလည်း ပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာပါ ။ SM Entertrainment ကထုတ်လုပ်ထားတဲ့
ချစ်စရာကောင်းတဲ့ကောင်မလေး ငါးယောက်ရဲ့ Chu♡ - Music Video လေးကိုလည်း ကြည့်လိုက်ဦးနော်...

"" Do do it, Chu~♡ (It’s) true, true, true, true it`s You~ Do do it, Chu~♡ ""


Wednesday, November 4, 2009



You And I - PARK BOM (박봄)
2NE1 အဖွဲ့ရဲ့ အသံအကောင်းဆုံးဖြစ်တဲ့ PARK BOM ရဲ့ သီချင်းလေးပါ ။ I DON'T CARE သီချင်းမှာ ကတည်းက သူဆိုထားတာလေး
က လူတွေကို အကြိုက်ပိုမိစေခဲ့တာပါ ။ အသံအားကလည်းကောင်း အဆိုလည်းကလည်းပိုင် ရုပ်ကလေးကလည်းချောဆိုတော့ ကြိုက်တယ်ဗျာဘုံလေးကို ဟဲဟဲ ။ လက်ရှိမှာ NO.1 ဖြစ်နေတဲ့ ဒီသီချင်းကလေးကို YG Entertainmentကထုတ်လုပ်ထားပါတယ် ။

''"No matter what happens ..Even when the skies fall off now ..
I promise you ...That I'll never let you go ..............................'''

"""You and I together It just feels so right """"
"""just you and I.. Forever and ever.. """""





I WANT YOU BACK - SECRET

NEW GIRL BAND လေးဖြစ်တဲ့ SECRET အဖွဲ့ရဲ့ I WANT YOU BACK ဆိုတဲ့ သီချင်းလေးပါ ။ HYO SONG , GI ON , JIN GAW , SONG HYWER ဆိုတဲ့ကောင်မလေး လေးယောက်နဲ့ ဖွဲ့စည်းထားပြီး TS Entertainment ကနေထုတ်လုပ်ပေးထားပါတယ် ။ သံစဉ်
ချိုချိုလေးရယ် ရက်ပ်ချိုချိုလေးရယ် စာသားလေးတွေကြောင့် ကြိုက်မိနေတယ် ။ နားထောင်ကြည့်ပါလား ................................
" I WANT YOU BACK ...YOU BACK "

3 YEARS 6 MONTHS - SECRET

ဒီသီချင်းလေးကလည်း နားထောင်ကောင်းတဲ့ ရက်ပ်သီချင်းအေးအေးလေးပါ ။

Saturday, October 31, 2009



Chocolate Love-Girls' Generation (소녀시대)

Tae Yeon ,Tiffany , Jessica , Yoona , Soo Young , Yuri , Sunny , Seo Hyun , Hyo Yeon စတဲ့ နတ်မိမယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Girls' Generation (소녀시대) အဖွဲ့ ရဲ့ CYON ဖုန်းကြော်ငြာတဲ့ Chocolate Love ဆိုတဲ့ သီချင်းလေးပါ ။ ရုပ်ကလေးတွေချောသလို သီချင်းလေးတွေကလည်း နားထောင်ကောင်းလို့ ယနေ့ ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ ဖြစ်နေတဲ့ Girls' Generation (소녀시대) အဖွဲ့ရဲ့ ဒီသီချင်းကလေးကို SM Entertainment က ထုတ်လုပ်ထားပါတယ် ။ .... " I got you babe..,.. I call.,.. I call it chocolate love ".............

နတ်မိမယ်လေးတွေ ဟုတ်မဟုတ် ဒီ Music Video လေးကို ရှုစားလိုက်ပါနော်....chocolate love....