Monday, September 7, 2009




씹다버린 껌 - 청림 (Chong Lim)
청림 (Chong Lim) ရဲ့ STEP ဆိုတဲ့ အယ်လ်ဘမ်ထဲက 씹다버린 껌 ဆိုတဲ့ R & B တေးလေးပါ ။ တခါနားထောင်ပြီးရင် နောက်တခေါက်လောက် ထပ်နားထောင်မိစေတဲ့ သီချင်းလေးပါ ။ Mnet Media ကနေထုတ်လုပ်ထားပါတယ် ။

Friday, September 4, 2009



What A Girl Wants - 4 Minute

လွန်ခဲံတဲ့ နှစ်လလောက်က ထွက်ရှိ့ခဲ့တဲ့ Hot Issue ဆိုတဲ့ သီချင်းလေးနဲ့ K POP လောကထဲကို ၀င်ရောက်လာပြီး နေရာတနေရာရလာခဲ့တဲ့ 4 MINUTE အဖွဲ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထဲက What A Girl Wants ဆိုတဲ့ သီချင်းလေးပါ ။ သံစဉ်ချိုချိုလေးရယ် အဓိပါယ်ပြည့်ဝတဲ့ စာသားလေးတွေကြောင့် ကြိုက်မိနေပါတယ် ။ Hyoung NA , Gi Hyoung ,Ga youn , Gi youn ,So Hyoung ဆိုတဲ့ ကောင်မလေးငါးယောက်နဲ့ ဖွဲ့စည်းထားပြီး CUBE Entertainment ကနေထုတ်လုပ်ထားပါတယ် ။

Music Video





Muzik- 4 Minute
ဒါကတော့ အဲ့ဒီ အယ်လ်ဘမ်ထဲက Muzik ဆိုတဲ့ သီချင်းမြူးမြူးလေးပါ ။

ဒါကတော့ Muzik - 4 Minute Music Video လေးပါ ။





Hot Issue - 4 Minute
4 Minute ရဲ့ ပထမဆုံးထွက်တဲ့ Hot Issue ဆိုတဲ့သီချင်းလေးပါ ။

Tuesday, September 1, 2009

20 's Choice ဆုပေးပွဲမှာ ဖျော်ဖြေသွားတဲ့ 2NE1 ရဲ့ တမူထူးခြားတဲ့ရှိုးပွဲလေးပါ ။ ပရိသတ်ကို ရသအပြည့်ပေးခဲ့နိုင်ပြီး ဖျော်ဖြေမှုရော စတိတ်အပြင်အဆင်က အစ ပရိသတ်တွေ စွဲငြိသွားစေခဲ့တဲ့ ........2222 NNNN EEEE 1111..............



Wanna - Kara

SUNG YOUNG , GYU LI , NICOLE , HARA , JI YOUNG ဆိုတဲ့ အလှပဂေး မလေး ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ KARA အဖွဲ့ရဲ့ လက်ရှိ လူကြိုက်များနေတဲ့ WANNA ဆိုတဲ့ သီချင်းအသစ်လေးပါ ။ DSP Entertainment ကထုတ်လုပ်ထားပါတယ် ။


ဒါကတော့ Music Video လေးပါ ။

Saturday, August 29, 2009



Heartbreaker-G Dragon

BIG BANG အဖွဲ့ရဲ့ခေါင်းဆောင် G Dragon ရဲ့ Heartbreakerဆိုတဲ့အယ်လ်ဘမ်အသစ်ထဲက ခေါင်းစဉ်းသီချင်းလေးပါ။ လက်ရှိ Topone ဖြစ်နေတဲ့ ဒီသီချင်းလေးကို G Dragon ကိုယ်တိုင်ရေးစပ်ထားပြီး YG Entertainment ကနေထုတ်လုပ်ထားပါတယ်။



Heartbreaker - G Dragon music video လေးပါ ။



Breath-G Dragon

ဒီသီချင်းလေးကလည်း သူကိုယ်တိုင်ရေးထားပါတယ် ။ နားထောင်လို့ ကောင်းတဲ့ Rap သီချင်းချိုချိုလေးပါ ။
မနက်ဖြန်ဆိုရင်လည်း လွမ်းရဦးမယ်

နာကျည်းမှု အသီးအပွင့်တွေ ပျွတ်သိပ်လိုက်ချင်တယ်

ဒါပေမယ့် ဒဏ်ရာသစ်ပင်ကြီးက နာကျည်းစရာမြေသြဇာ ရှာလို့မရဘူး..........


အမုန်းမိုးတွေ အူလှိုက်သည်းလှိုက် ရွာချလိုက်ချင်တယ်

ဒါပေမယ့် အမုန်းမိုးတိမ်တွေဖြစ်ဖို့ မြစ်ဖျားခံရေခိုးရေငွေ့ တွေကမသိချင်ယောင်ဆောင်နေတယ်..........


သံယောဇဉ်တွေကို မာနစိတ်လွှသွားနဲ့ အတုံးလိုက်အတစ်လိုက် ဖြတ်ချလိုက်ချင်တယ်

ဒါပေမယ့် နှလုံးသားလူမိုက်က လွှသွား ဘယ်မှာသွားဝှက်ထားမှန်းမသိဘူး..........


မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မြေသြဇာ မရှိဘူး..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
မသိချင်ယောင် ဆောင်နေတယ်..........

မင်းကို မေ့ဖို့
ငါ့နှလုံးသားက
လွှသွားကိုလည်း ၀ှက်ထားတုန်းဘဲ..........

ဗုဒ္ဓေါ.......................................
ဒါဆို မနက်ဖြန်လည်း လွမ်းရဦးမှာပါလား..............

Thursday, July 30, 2009




2ne1 ရဲ့ သီချင်းအသစ်ချိုချိုလေးပါ ။ ပထမဆုံး သီချင်းဖြစ်တဲ့ FIRE သီချင်းနဲ့တင် TOP ONE ဖြစ်ခဲ့ပြီး လက်ရှိဒီသီချင်းလေးကလည်း TOP ONE ဖြစ်နေပြန်ပါတယ်။ CL, BOM, DARA, MIN Ji တို့နဲ့ဖွဲ့စည်းထားပြီး YG Entertainment က ထုတ်လုပ်ထားပါတယ်။

"" I DON'T CARE AH AH AH AH AH
I DON'T CARE AH AH AH AH AH ""

I DON'T CARE-2NE1



Saturday, July 4, 2009


ချစ်ခြင်းတရား


ဒီခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့ဘဲ မိမိချစ်သူကိုချစ်တဲ့အချစ်ကိုဘဲ ပြေးမမြင်ကြပါနဲ့နော်။ ကျွန်တော်ပြောချင်သော ချစ်ခြင်းတရား
ဆိုတာ မည်သည့်ပုဂ္ဂိုလ် အပေါ်တွင်မဆို မေတ္တာတရားမှ အခြေခံလာသော နူးညံ့သိမ်မွေ့သည့် ခံစားမှုကိုဆိုလိုပါတယ် ။ မြန်မာအယူ
ူအဆအရဆို ၅၂၈ ရော ၁၅၀၀ ပါ ပါဝင်ပါတယ်။ ချစ်သူကိုချစ်တာလည်း ချစ်ခြင်းတရားပါဘဲ၊ အဖေ့ကိုချစ်တာလည်းချစ်ခြင်းတရားပါဘဲ၊
အမေ့ကိုချစ်တာလည်း ချစ်ခြင်းတရားပါဘဲ၊ သူငယ်ချင်းကိုချစ်တာလည်း ချစ်ခြင်းတရားပါဘဲ၊ ဆွေမျိုးတွေကိုချစ်တာလည်း
ချစ်ခြင်းတရားပါဘဲ၊ ဗိုလ်ချုပ်ကို ချစ်တာ ၊ liverpool fc ကိုချစ်တာ ၊ gerrard ကိုချစ်တာ ၊ tiffany ကိုချစ်တာလည်း ချစ်ခြင်းတရားပါဘဲ ။
နောက်ဆုံး မင်းမင်းတို့အမေ ဒေါ်အေးသိန်းရောင်းတဲ့ မုန့်ဟင်းခါးကိုချစ်တာလည်း ချစ်ခြင်းတရားပါဘဲ။
ကျွန်တော်ပြောချင်တာကလား? လာမယ်လေမလောပါနဲ့။
တကယ်တော့ အဲ့ဒီချစ်ခြင်းတရားကြောင့်သာ ကျွန်တော်တို့ကမ္ဘာကြီးဟာ ယခုလောက်ရေရှည်ခံပြီး သာယာနေခဲ့တာဖြစ်ပါတယ်။
ချစ်ခြင်းတရားကြောင့်သာ လူသားချင်း ကူညီချင်တဲ့စိတ်တွေဖြစ်လာတယ်၊ လူသားချင်း စာနာတဲ့စိတ်တွေဖြစ်လာတယ်၊ဖေးမတဲ့
စိတ်တွေဖြစ်လာတယ်၊ ပြီးတော့ လူတိုင်းလိုလိုက ရွှံ့မုန်းတဲ့ စစ်ပွဲတွေကို အထိုက်အလျှောက်တားဆီးစေပါတယ်။ ကျွန်တော်ပြောချင်တဲ့
ချစ်ခြင်းတရား အမျိုးအစားကို မိတ်ဆွေသဘောပေါက်မယ်လို့ထင်မိပါတယ်။ ဒါကကျွန်တော်ပြောချင်သော ချစ်ခြင်းတရားအကြောင်းရဲ့
နိဒါန်းလေးပါ။ လိုရင်းကတော့.....
ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ ဗုဓ္ဒဘာသာ ကိုးကွယ်ကြပြီး ချစ်ခင်စိတ်၊ သည်းခံစိတ်၊ ကူညီချင်တဲ့စိတ် ပြင်းပြသော လူမျိုး
ဆိုတာ မိတ်ဆွေ ငြင်းမယ်မထင်ပါဘူးနော်။ အလွန်သနားတတ် ချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆွေ သင့်ရဲ့အချစ်ဆုံးဆိုတဲ့
သင့်အမေကို နေ့တနေ့မှာ ချစ်တယ်အမေလို့ ဘယ်နှစ်ခါပြောဘူးပါသလဲ?။ သင်စဉ်းစားမနေပါနဲ့ မပြောပါဘူး တခါမှ။ အမေ့ကို
ချစ်တယ်လို့တစ်ခါပြောဖြစ်ဖို့ တချို့ဆို တပါတ်ကြာရင်ကြာမယ်၊ တလကြာရင်ကြာမယ်၊ တနှစ်ကြာရင်ကြာမယ်၊ ဒီထက်လည်း
ကြာရင်ကြာပါမယ်။ စိတ်ထဲက ပြောတယ်လို့တော့ကပ်မပြောကြေးပေါ့။ တနေ့တခါပြောဖြစ်တဲ့လူ ၊ တပါတ်တခါပြောဖြစ်တဲ့လူဆိုတာ
တောင်တော်တော် ရှားပါလိမ့်မယ်။ ကိုယ့်အမေဘဲလေ စိတ်ထဲမှာ အမြဲရှိနေတယ် ချစ်နေတယ်လို့လည်းသင်တွေးချင်တွေးနိုင်ပါတယ်။
ချစ်တာကို ထုတ်မပြောဘဲ အလုပ်နဲ့သက်သေပြလို့ရတာဘဲလို့လည်း သင်ပြောချင်ပြောနိုင်ပါတယ်။ ဒါလည်းမှန်ပါတယ်။
ဒါပေမယ့် မိတ်ဆွေ သင့်ကိုမေးချင်ပါတယ်။ အမေကသင့်ကို ငါ့သား၊ငါ့သမီးလေးရယ် အမေချစ်လိုက်တာလို့ဆိုလာခဲ့ရင် သင်ဘယ်လို
ခံစားရပါမလဲ?။ လွယ်လွယ်ပြောရရင် ကြည်နူးသွားရပါတယ်။ အဲ့ဒီလိုဘဲ အမေကမှမဟုတ်ပါဘူး ညီအကိုမောင်နှမတွေကဘဲဖြစ်ဖြစ်၊
သူငယ်ချင်းကဘဲဖြစ်ဖြစ်၊ ဆရာကဘဲဖြစ်ဖြစ် ပြောလည်းကြည်နူးရတာပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ ချစ်ကြ
ပေမယ့် ဒီစကားကို နှုတ်ကနေတော်တော်နဲ့ ထုတ်မပြောဖြစ်ကြပါဘူး။ ချစ်သူရည်းစားတွေတောင် ယေဘူယျအားဖြင့် ချစ်စအချိန်နဲ့
ညားခါစ အချိန်မှာသာ တွင်တွင် သုံးစွဲကြပြီး အချိန်ကြာလာတာနဲ့ အမျှ ပြောတဲ့အရေအတွက် လျော့နည်းလာကြပါတယ်။
မိတ်ဆွေတောင် ချစ်တယ်လို့အပြောခံရတာ ကြည်နူးတယ်ဆို မိတ်ဆွေကချစ်တယ်လို့ပြောလိုက်တဲ့သူကလည်း ကြည်နူးမှာအမှန်
ပါဘဲ။ ဒီလိုနဲ့ကိုယ့်မိတ်ဆွေတွေထဲက လူများများကိုပြောနိုင်လေ ကြည်နူးပျော်ရွှင်တဲ့လူတွေတိုးလာလေလေ အဲ့ဒီမိတ်ဆွေတွေကပါ
သူတို့မိတ်ဆွေတွေကို ထပ်ပြောဖြစ်တယ်ဆိုရင် သေချာပါတယ် ခင်ဗျာ ကျွန်တော်တို့ကမ္ဘာကြီးဟာ ချစ်ခြင်းတရားတွေနဲ့ပြည့်နှက်ပြီး
အရမ်းကိုလှပနေမယ်ဆိုတာ မလွဲပါဘူး။ ဒါဆို ကျွန်တော်တို့မလို လားတဲ့ အမုန်းတွေ၊ ဒေါသတွေ၊ အာဃာဏတွေ လျော့ပါးလာပြီး
စစ်ပွဲတွေပျောက်ကာ ငြိမ်းချမ်းလာမယ်ဆိုတာလည်း မလွဲပါဘူး။
ကျွန်တော်အလုပ်လုပ်ခဲ့ဘူးတဲ့ အလုပ်မှာကားမောင်းသမားကြီး တဦးရှိပါတယ်။ အလွန်ခင်ဖို့ကောင်းပြီး စိတ်ထားအင်မတန်ကောင်းပါ
တယ်။လူတိုင်းလိုလိုက လည်းသူ့ကိုချစ်ခင်ကြပါတယ်။ သူ့ရဲ့ထူခြားချက်ကတော့ အလုပ်မှာရှိတဲ့လူတိုင်းကို ချစ်တယ်လို့ပြောဖို့ဝန်မ
လေးတာပါဘဲ။ ကျွန်တော်တို့ကသူ့ကိုတခုခုကူညီပေးလိုက်ပြီဆိုရင် သူတို့ဘာသာစကားနဲ့"ကျေးဇူးတင်လိုက်တာ ၊ချစ်တယ် "
တခါတလေကျရင်လည်း လေသံဝဲ၀ဲကြီးနဲ့" oh! thanks you ! i love you "ဆိုပြီးအာဝါးပါပေးလိုက်ပါသေးတယ်။ သူ့အပြုအမူကြောင့် သူ့ကိုကူညီရတဲ့လူတိုင်းကျေနပ် ပီတိ ဖြစ်ရပါတယ်။ သူ့အထက်လူကြီးတွေက တခုခုကူညီပေးလိုက်တာဘဲ ဖြစ်ဖြစ်၊ သူစိတ်ကျေနပ်
သွားစေတဲ့အခါမျိုးတိုင်းမှာလဲ ဤကဲ့သို့ပြုမူတတ်ပါတယ်။ အလုပ်ခွင်အတွင်းတွင်မှ ဤသို့ပြုမူတာမဟုတ်ပါဘူး။ သူ့အိမ်ကို
ကျွန်တော်လိုက်သွားဖူးတဲ့အခါတိုင်းမှာလည်း အိမ်ရောက်တာနဲ့ ကလေးတွေက "အဖေ ပြန်လာပြီ အဖေရေချစ်တယ်" လို့ကြိုဆိုကြပြီး
သူကလည်း"အေး အေးချစ်တယ် ချစ်တယ်" လို့ပြန်ပြောတတ်ပါတယ်။ သူ့ရဲ့အိမ်သူသက်ထား ကိုလည်း "မိန်းမရေ ပြန်ရောက်ပြီ
ချစ်တယ်နော်" လို့ပြောတတ်ပါတယ်။ သူတို့မိသားစုဟာ မချမ်းသာကြပါဘူး ။ ဒါပေမယ့် ချစ်တယ်ဆိုတဲ့အသံလေးတွေနဲ့အင်မတန်
ပျော်ရွှင်စရာကောင်းတာကိုတွေ့ခဲ့ရပါတယ်။ ဒါဟာ ချစ်တယ်ဆိုတဲ့စကားလုံးလေးတွေကို အလေးထားပြောကြားခြင်းကြောင့်လည်းအများ
ကြီးအကျိုးသက်ရောက်စေတယ်လို့ထင်မိပါတယ်။ ဒီလိုစကားလေးတွေကြောင့်ဒီလိုပျော်ရွှင်စရာ မိသားစုကလေးကမှ တဆင့် ကျွန်တော်တို့ ကမ္ဘာကြီးကိုအင်မတန်ငြိမ်းချမ်းလှပတဲ့ကမ္ဘာကြီးဖြစ်လာဖို့လည်းမျှော်လင့်မိပါတယ်။
ဒါကြောင့် မိတ်ဆွေတို့လည်း ဒီနေ့ကစပြီး ကိုယ့်မိဘ၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေတွေက စပြီး ချစ်တယ်ဆိုတဲ့စကားလုံး
လေးကို များများပြောခြင်းအားဖြင့် ကျွန်တော်တို့ ချစ်တဲ့ကမ္ဘာကြီးကို အလှဆင်ကြရအောင်နော်....
ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီး လူမျိုးအသီးသီး ရှိကြသလို ဘာသာစကားတွေလည်း မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။
မိတ်ဆွေတို့ ဗဟုသုတ ကြွယ်ဝစေဖို့ရယ် ကိုယ်ချစ်တဲ့သူတွေကို ဆန်းသစ်တဲ့ ဘာသာစကားလေးတွေနဲ့ ချစ်တယ်လို့ပြောနိုင်ကြစေဖို့
တချို့နိုင်ငံ တွေရဲ့ ချစ်ခြင်းဖွဲ့စကားလုံးလေးတွေကို ကျွန်တော်လက်လှမ်းမှီသလောက် စုစည်းတင်ပြပေးလိုက်ပါတယ်။

အားလုံးဘဲ ချစ်ခြင်းတရားတွေပွားများပြီး လောကကိုအလှဆင်နိုင်ကြပါစေ...............

အင်္ဂလိပ် .......... I love you!
ဂျာမနီ .......... Ich liebe dich!
ပြင်သစ် .......... Je t'aime!
ဖိလစ်ပိုင် ......... Mahal kita!
အာရပ် ......... Wuhibbuka!
ရိုမေးနီးယား .......... Te iubesc!
အီတလီ .......... Ti amo!
ပေါ်တူဂီ .......... Eu te amo!
ဟန်ဂေရီ .......... Szeretlek!
နယ်သာလန် ........... Ik hou van jou!
ိကိုးရီးယား .......... Sar dan hae! ( 사랑해 )
ထိုင်း .......... Phom rug khun! ( man ) , Chan rug khun! ( woman )
တရုတ် .......... 我 愛 ni ( wor eite ni! )
ဂျပန် .......... 愛(あい)している ( ei shi tae yu! )
စပိန် ......... Te amo!
ဘော့စနီးယား ......... Volim te!
ဘူးဂေးရီးယား ......... Obicham te!
ခရိုအေးရှား .......... Volim te!
ချက် .......... Miluji tev!
ဒိန်းမတ် .......... Jeg elsker dig!
အက်စ်တိုးနီးယား........ Mina armastan sind!
ဖင်လန် .......... rakastan sua!
ဂရိ .......... S'ayapo!
ဟာဝိုင်အီ .......... Aloha wau ia 'oe!
အိုက်စလန် .......... Eg elska thig!
အင်ဒိုနီးရှား .......... Saya cinta padamu!
လက်တင် .......... Te amo!
လစ်ဗီးယား .......... Es tevi milu!
လစ်သွေးနီးယား........ As tave myliu!
မလေးရှား .......... Saya cintamu!
နော်ဝေး .......... Jeg elsk! er deg!
ပိုလန် .......... Kocham ciebie!
ရပ်ရှား .......... Ya tyebya lyublyu!
စလိုဗက်ကီးယား........ Lubim ta!
စလိုဗေးနီးယား.......... Ljubim te!
ဆွီဒင် .......... Jag älskar dig!
တူရကီ .......... Seni seviyorum!
ယူကရိန်း .......... Ya tebe kokhayu!
ဗီယက်နမ် .......... Anh yeu em! ( man ) , Em yeu an! ( woman )
နီပေါ .......... Ma timilai maayaa garchhu!
ဘင်္ဂလားဒေ့ရှ် .......... Ami tomAy bhAlobAshi!
ရောမ .......... Te iubesc!

ကဲမြန်မာလိုကတော့ မိတ်ဆွေတို့ဘဲ ပြောလိုက်ပါတော့နော်.....

Wednesday, June 10, 2009


ငါဟာ
တေးသွား
တပုဒ်ပါ
မင်းစိတ်
်ကြိုက်သီ
ဆိုပြီးတဲ့
အခါ
မင်းစိတ်
်ကြိုက်ခေါင်း
စဉ်တပ်
ထားခဲ့
ဲ့နိုင်ပါတယ်




သူစိမ်းတစ်ယောက်