Monday, September 13, 2010




I`ll Be There - Tae Yang(태양)

Big Bang အဖွဲ့ရဲ့ R&B ဘုရင် Tae Yang ရဲ့ SOLAR
ဆိုတဲ့အယ်လ်ဘယ်လေးထဲကဘဲ ထပ်မံ Hot နေတဲ့I`ll Be There
ဆိုတဲ့ သီချင်းလေးပါ ။ ဆိုထားတာလေးတွေ ရိုက်ချက်တွေနဲ့
ရေလည်လန်းလို့  ကြိုက်မိနေတယ် ။ YG Entertainment ကနေ
ထုတ်လုပ်ထားပါတယ် ။

"" You were so beautiful, beautiful
wo-wonderful, wonderful
and it's killing me

I-I-I-I-I-I-I'll be there ""




Madonna - SECRET

Magic ဆိုတဲ့ သီချင်းလေးနဲ့ လူကြိုက်များ အောင်မြင်နေပြီး ယခုနှစ်အတွက်
ဆန်ခါတင် ဆုတွေပါတွေနေတဲ့ SECRET အဖွဲ့ရဲ့ မထွက်ခင်တည်းက
ရေပန်းစားနေတဲ့ Madonna ဆိုတဲ့ အယ်လ်ဘယ်ထဲကခေါင်းစဉ်း တေး
မြူးမြူးကြွကြွလေးပါ ။ သီချင်းလေးကိုနားထောင်လိုက်တာနဲ့ ထပ်မံအောင်မြင်
ဦးမယ်ဆိုတာ သိသာစေတဲ့ ဒီသီချင်းလေးကို TS Entertainment
ကနေထုတ်လုပ်ထားပါတယ် ။

"" Ma Ma Ma Ma Madonna donna
Madonna donna donna
모두가 Hot Hot (Oh)
나 땜에 나 땜에 나 땜에 Hot Hot Hot ""

Music Video


ဒါလေးက (KBS-2) ရုပ်သံမှာ ဖျော်ဖြေသွားတဲ့ရှိုးပွဲလေးပါ ။



LaLaLa - SECRET

"" I'm missing you oh Baby~ ""

ဒီအယ်လ်ဘမ်လေးထဲမှာ အနော်အကြိုက်ဆုံးဖြစ်တဲ့ LaLaLa ဆိုတဲ့ R&B သီချင်း
အေးအေးလေးကိုလည်း နားထောင်ကောင်းလွန်းလို့ မျှဝေပေးလိုက်ပါတယ် ။

"" 라라라라라 이젠 웃고 싶은데
라라라라라 이젠 울기 싫은데
날 모질게 떠난 사람 날 두고 간 나쁜 사람
랄랄랄라라 라 랄랄라 ""


GAME - GP BASIC

Girls Group အသစ်လေး GP BASIC ရဲ့ GAME ဆိုတဲ့
သီချင်းလေးပါ ။ J Ni-13 , Hannah - 15 , Leah- 15 ,
Amet -15 , Trinity -15 , Zion -15 တိုနဲ့ ဖွဲစည်းထားပြီး
ဘေးကပြထားတဲ့ ဂဏန်းအရေအတွက်ကတော့ သူတို့ ရဲ့အသက်တွေပါ ။
ထူးခြားစွာကို အင်မတန်ငယ်သေးတဲ့ ကလေးမလေးတွေ့နဲ့
ဖွဲ့စည်းထားပေမယ့် သီချင်းလေးကတော့ လန်းပါတယ် ။ ကိုးရီးယားက
Girls Group လေးထဲမှာအငယ်ဆုံးအဖွဲ့ဖြစ်ပြီး
GP BASIC Entertainment ကနေထုတ်လုပ်ထားပါတယ် ။

"" 시간은 Tic Toc, Tic Toc
째깍째깍 My talk
네 두 눈과 맘을 훔쳐
One, two, three get back ""




나 이런사람이야 (I 'm Same Like That One) - DJ DOC

တချိန်က အလွန်ကျော်ကြား လူကြိုက်များခဲ့တဲ့ DJ DOC အဖွဲ့ရဲ့
၇ နှစ်အကြာမှပြန်လည်ထွက်ရှိတဲ့ 나 이런사람이야 (I 'm Same Like
That One) ဆိုတဲ့ RAP သီချင်း လေးပါ ။ အသက်အရွယ်ရနေကြပေမယ့်
အရည်အချင်းရှိရှိနဲ့ ဖန်တီးမှုလေးတွေကောင်းလို့  ထိပ်ဆုံးနေရာကို
ပြန်လည်ရောက်ရှိစေတဲ့ ဒီသီချင်းလေးကို BUDA SOUND Entertainment
ကနေထုတ်လုပ်ထားပါတယ် ။

""나 이런 사람이야
Shake it (Shake) Shake it Yo everybody ""




부치지 못한 편지 (Can't Sending Letter) - DJ DOC


နောက်ထပ်နားထောင်ကောင်းတဲ့ 부치지 못한 편지 (Can't Sending Letter)
ဆိုတဲ့သီချင်းလေးကိုလည်းမျှဝေလိုက်ပါတယ် ။

""울지 마 바보 같아
그런 널 보면 내가 더 미칠 것 같아 ""


Affected Girl(가식걸) - SISTAR

Push Push ဆိုတဲ့သီချင်းလေးနဲ့ ခုတလော လူကြိုက်များလာတဲ့
SISTAR အဖွဲ့ရဲ့ Affected Girl(가식걸) ဆိုတဲ့ သီချင်းမြူးမြူးလေးပါ ။
မြူးမြူးချိုချိုလေး ဆိုထားလို့ နားထောင်လိုက်တာနဲ့ နားထဲစွဲစေမယ့် 
ဒီသီချင်းကောင်းလေးကို STARSHIP Entertainment
ကနေထုတ်လုပ်ထားပါတယ် ။

"" 너만을 생각하는
가 가 가 가 가식걸 ""





CRAZY(미쳐가 ) - 간미연 (Gan Mi Youn)(Feat..Mir(미르) of Mblaq)

ဟိုးတချိန်က ကျော်ကြားခဲ့တဲ့ BABY BOX အဖွဲ့ရဲ့ မချောလေး
간미연 (Gan Mi Youn) ရဲ့ CRAZY(미쳐가 ) ဆိုတဲ့ သီချင်းလေးပါ ။
Mblaq အဖွဲ့ရဲ့ Rapper လေးဖြစ်တဲ့ Mir(미르) က Rapping ထားပါတယ်။
Source Music ကနေထုတ်လုပ်ထားပါတယ် ။

"" 너 때문에 미쳐가 난 또 미쳐가
이 밤이 너무나 안 가 ""



나어때 (What About Me) - Girl 's Day

Girls Group အသစ်လေး Girl 's Day အဖွဲ့လေးရဲ့ 나어때 (What About Me) ဆိုတဲ့
သီချင်းလေးပါ ။ So Jin , Ji Sun , Ji Hae , Z In , Minah ဆိုတဲ့ကောင်မလေး ငါးယောက်
နဲ့ဖွဲ့စည်းထားပြီး DREAMTEA Entertainment ကနေထုတ်လုပ်ထားပါတယ် ။

"" 나 솔직하게 정말
어때 어떠니 ""

Wednesday, September 8, 2010




Hurricane Venus - BOA

အာရှတခွင်မှာ ပရိသတ်တွေကို သည်းသည်းလှုပ်ဖမ်းစားထားနိုင်ခဲ့တဲ့
မချောလေး BOA ရဲ့ Hurricane Venus ဆိုတဲ့ သီချင်းအသစ်လေးပါ ။
အသံအားကောင်းကောင်းကို အသံဖန်တီးမှုလေးတွေနဲ့ ဆိုထားလို့ လူကြိုက်များ
နေပြီး လက်ရှိ NO.1 နေရာကို SEVEN နဲ့အပြိုင် တလှည့် စီလုနေလေရဲ့ ။
SM Entertainment ကနေထုတ်လုပ်ထားပါတယ် ။

"" Uh uh uh uh Hurricane Uh uh uh Venus
Uh uh uh uh Hurricane Uh uh uh Venus
스르륵 스르륵 덮치며
스르륵 스르륵 네 몸을 깨워 에워
Hurri Hurri Hurricane Ve Ve Venus ""




Better Together - SEVEN

တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး နုတ်ခမ်းနီမမတို့ ရဲ့ အသည်းကျော်
SEVEN ရဲ့ သုံးနှစ်ကြာမှပြန်လည်ထွက်ရှိတဲ့ Digital Bounce အယ်လ်ဘယ်ထဲက
Better Together ဆိုတဲ့ သီချင်းမြူးမြူးလေးပါ ။ ဆိုနေကြပုံစံလေးအတိုင်းဘဲ
DANCE ပုံစံနဲ့ ချိုချိုလေးဆိုထားလို့  NO.1 နေရာကိုပြန်ရောက်လာခဲ့ပါတယ် ။
YG Entertainment ကနေထုတ်လုပ်ထားပါတယ် ။

""You gotta know I’m fallin in love
난 너라는 세상에 빠져있어
you gotta know
한 순간도 너 없인 살 순 없어
cuz I know we better together ""






희망은 잠들지 않는 꿈(An eternal hopeful dream) - Kyu Hyun(규현 ) (Superjunior)

ခုတလော KBS ရုပ်သံကလာနေတဲ့ လူကြိုက်များနေတဲ့ 제빵왕 김탁구 ဆိုတဲ့
ဇတ်လမ်းတွဲထဲက Superjunior ရဲ့ အသံအကောင်းဆုံး ဖြစ်တဲ့
Kyu Hyun(규현 ) သီဆိုထားတဲ့ 희망은 잠들지 않는 꿈
(An eternal hopeful dream) ဆိုတဲ့ ဇာတ်ဝင်သီချင်းလေးပါ ။
ရင်ထဲကို ထိလို့  နေ့ တိုင်းလိုလိုနားထောင်ဖြစ်နေတယ် ။

""내 삶이 하루하루 꿈을 꾸는 것처럼
너와 함께 마주보며 사랑할 수 있다면
다시 일어설 거야 ""



박수 (Clap) - 틴 탑(TEEN TOP)

New Boy Group လေးဖြစ်တဲ့틴 탑(TEEN TOP) အဖွဲ့ရဲ့박수 (Clap) ဆိုတဲ့
သီချင်းအသစ်လေးပါ ။ သီချင်းလေးကတမျိုးလေးနားထောင်ကောင်းလို့  ပျိုမေတို့ 
ခိုက်နေကြပြီး အလားအလာကောင်းတဲ့ လူငယ်လေးတွေလို့ သတ်မှတ်ထားကြလေရဲ့ ။
Cap , Niel , L Joe , Ricky , Chang Jo , Chong Ji စတဲ့ လူငယ်လေး ခြောက်ယောက်နဲ့
ဖွဲ့စည်းထားပြီး TOP Entertainment ကနေထုတ်လုပ်ထားပါတယ် ။

"" I’m so cra cra crazy clap clap clap man
Cra cra crazy clap clap clap man ""




꺼져줄게 잘살아(I will let you go , be happy !) - G NA (지나)(Feat..용준형)

အဆိုရှင်အသစ်လေး G NA ရဲ့ (Draw G's First Breath) ဆိုတဲ့ အယ်လ်ဘမ်
လေးထဲက 꺼져줄게 잘살아 ဆိုတဲ့ R&B သီချင်းကောင်းလေးပါ ။ BEAST အဖွဲ့ထဲက
RAPPER လေး 용준형(Yon Jon Hyoung)က Feat ထားပြီး CUBE Entertainment
ကနေထုပ်လုပ်ထားပါတယ် ။အဓိပါယ်လေးနဲ့ဆိုထားတဲ့ပုံစံလေးက ကောင်းလွန်းလို့  ခိုက်ခိုက်ခိုက်...

""꺼져 줄게 잘 살아 그 말밖에 난 못 해
잊어 줄게 잘 살아 나 없이도 행복해 ""