Thursday, June 10, 2010



Without U - 2PM


လက်ရှိ ကိုရီးယားဂီတလောကမှာ အပေါက်ဆုံးလို့ ပြောလို့ ရတဲ့ 2PM ရဲ့ Don't Stop Can't Stop ဆိုတဲ့အယ်ဘမ်ထဲက Without U ဆိုတဲ့ သီချင်းလေးပါ ။ အဓိပါယ်လေးရော ဆိုထားတာလေးရော ထူးခြားတာမို့ အရမ်းကြိုက်နေမိတယ် ။ သူ့ ရှေ့ က စီနီယာတွေဖြစ်တဲ့ rain,lee hyo ri တို့ ကိုကျော်ပြီး နံပါတ်တစ်နေရာကိုပိုင်ဆိုင်ထားတာလည်း 2PMရဲ့အရည်းအချင်းတပါးပါဘဲ ။ JYP Entertainment ကနေထုတ်လုပ်ထားပါတယ် ။ SBS ရုပ်သံမှာဖျော်ဖြေသွားတဲ့ ရှိုးပွဲလေးကိုပါတင်ပြလိုက်ပါတယ် ။

"" I’m gonna be ok (Gonna be ok) I’ll be ok (Gonna be ok)
baby, without you (without you) baby, without you (without you)
너 없이 멋지게 (없이 멋지게) 더 멋지게 (없이 멋지게)
일어날 거야 (without you) 살아갈 거야 (without you) ""





너 아니면 안돼 - 예성 (Yae Song)

Super Junior အဖွဲ့ရဲ့ ထူးခြားတဲ့အသံရှင် 예성 (Yae Song) ရဲ့ 너 아니면 안돼 ဆိုတဲ့ဇာတ်ဝင်တေး အေးအေးလေးပါ ။
အရမ်းနားထောင်ကောင်းပြီး ရင်ထဲကိုထိနေလို့  ညတိုင်းနားထောင်ဖြစ်နေမိတယ် ။ နားထောင်ကြည့်ပါလား ရင်ဘတ်ကိုတကယ် ထိတာ..
ဒီစာသားလေး ပေါ့..

"" 니가 아니면 안돼 너 없이 난 안돼
나 이렇게 하루 한달을 또 일년을
나 아파도 좋아 내 맘 다쳐도 좋아 난
그래 난 너 하나만 사랑하니까 ""


Chitty Chitty Bang Bang - LEE HYO RI (Feat. Ceejay of Freshboyz)

အသက်အရွယ်အပိုင်းအခြားမရွေး ကိုကို ဦးဦး ဘဘ ဘိုးဘိုးတို့ အထိ ဆွဲဆောင်နိုင်တဲ့ KOREAR SEXY ICON ဖြစ်တဲ့ LEE HYO RI (이효리) ရဲ့ H-LOGIC ဆိုတဲ့ အယ်ဘမ် အသစ်လေးထဲက Chitty Chitty Bang Bang ဆိုတဲ့ သီချင်းလေးပါ ။ သူဆိုနေကျပုံစံအတိုင်း ခမ်မြူးမြူးလေးနဲ့ အကဦးစားပေး ရိုက်ချက်တွေကြောင့် ပရိသတ်တွေကြိုက်ကြဦးမှာပါ ။

"" Chitty Chitty Bang Bang

Chitty Chitty Bang Bang ""




널 붙잡을 노래 - 비(RAIN)

ကိုရီးယားမှာသာမက ကမ္ဘာ့ ပရိသတ်တွေအထိ ဆွဲဆောင်နိုင်ခဲ့တဲ့ WORLD STAR ...비(RAIN) ရဲ့ Back to the basic ဆိုတဲ့ အယ်ဘမ်အသစ်ထဲက 널 붙잡을 노래 ဆိုတဲ့ သီချင်းအေးအေးလေးပါ ။ ခံစားမှုအပြည့်သီဆိုထားတဲ့ သီချင်းလေးရယ် တင်ပြထားတဲ့ Music Video လေးက လိုက်ဖက်လှပါတယ် .......

"" 나는 어떡해 나는 어떡해

제발 오 제발 사랑해… ""


Thursday, May 6, 2010



MAGIC - SECRET


ခုတလောရေပန်းစားနေတဲ့SECRETအဖွဲ့ရဲ့ MAGIC ဆိုတဲ့ ခမ်မြူးမြူးသီချင်းလေးပါ ။ HyoSong , GiOnn , JinGaw , SongHywer ဆိုတဲ့ကောင်မလေး လေးယောက်နဲ့ဖွဲစည်းထားပြီး TS Entertainment ကနေထုတ်လုပ်ထားပါတယ် ။

MUSIC VIDEO လေးကလည်း ကြည့်ကောင်းတယ် ..ဒီမှာလေ

" Oh My Magic (Magic Magic) My Magic (Magic Magic)
어머어머어머 어머어머어머 어머어머 하고 놀랄걸 "




ဒီ MY BOY ဆိုတဲ့ R&B သီချင်းလေးကိုလည်း ကြိုက်မိလို့  မျှဝေပေးလိုက်ပါတယ် ...


MY BOY - SECRET


BANG ! - AFTERSCHOOL

AFTERSCHOOL ရဲ့ထုံးစံအတိုင်း အယ်လ်ဘမ် တခုထွက်တိုင်းအဖွဲ့ဝင်အပြောင်းအလဲဖြစ်တယ်ဆိုတဲ့ အတိုင်း အခုလည်း Lizzy ဆိုတဲ့ကောင်းမလေးတစ်ယောက်ထပ်တိုးလာပါတယ် ။ BANG ! ဆိုတဲ့ဒီသီချင်းလေးကို ဒရမ်တွေအသားပေးတီးကာ ဘင်ခရာ သီချင်းလိုလိုနဲ့ MUSIC VIDEO လေးကကြည့်ကောင်းပါတယ် ။ PLEDIS Entertainment ကနေထုပ်လုပ်ထားပါတယ် ။

"" T.R.Y. Do it now! Can you follow me? Yes!! Uh-ha~!!
T.R.Y. Pick it up! You’ll never catch me!! Oh~ No!! ""




KBS-2 မှာဖျော်ဖြေသွားတဲ့ ရှိုးပွဲလေးက ဖလန်းဖလန်းထလွန်းအောင် မိုက်လို့ ..BANG !BANG !BANG !


Wednesday, May 5, 2010




잘못했어 - 2AM

2AM ရဲ့အရင်ဆိုနေကြပုံစံ ခပ်အေးအေးမဟုတ်ဘဲ DANCE ပုံစံလေးပြောင်းထားပြီး ခပ်သွက်သွက်လေးဆိုထားတဲ့ 잘못했어 ဆိုတဲ့သီ ချင်းလေးပါ ။ ရေလည်နားထောင်ကောင်းလို့  ထပ်တလဲလဲနားထောင်မိနေစေတဲ့ဒီသီချင်းလေးကို JYP Entertainment ကနေထုတ်လုပ် ထားပါတယ် ။

"" baby, you're breaking my heart  
baby, you're hurting my heart ""


Wednesday, April 21, 2010




Run Devil Run - Girl's Generation(소녀시대)

ကိုကိုအိုအိုအားလုံးရဲ့အသည်းစွဲ Girl's Generation(소녀시대) ရဲ့ Run Devil Run ဆိုတဲ့သီချင်းအသစ်လေးပါ။ ဆိုနေကျပုံစံနဲ့နည်း
နည်းကွဲပြားနေပေမယ့် နားထောင်ရင်း နားထောင်ရင်းနဲ့ နားယဉ်လာပြီး နားထောင်ကောင်းတဲ့ သီချင်းလေးပါ ။ SM Entertainment
က ထုတ်လုပ်ထားပါတယ် ။ Music Video လေးကိုလည်း ကြည့်လိုက်ဦးနော် လန်းတယ်ရေလည်..

""You better run run run run run
딱 걸렸어 약 올렸어 Run Devil Devil Run Run ""

Monday, March 15, 2010



SHOCK - BEAST

၂၀၀၉ MKMF MUSIC FESTIVAL မှာအကောင်းဆုံးအသစ်တန်းဆုမှာ ဆန်ခါတင်ဝင်ခဲ့တဲ့ BEAST အဖွဲ့ရဲ့ လက်ရှိ HOT ဖြစ်နေတဲ့ SHOCK ဆိုတဲ့ သီချင်းသစ်လေးပါ ။ သူတို့ရဲ့ ဆိုနေကြပုံစံအတိုင်း ခပ်မြူးမြူးနဲ့ အားပါပါလေးဆိုထားတာကြောင့်နားထောင်ကောင်း ပါတယ် ။ Gi Kwang, Jun Hyung, Yo Seop, Doo Jun, Hyun Seung, Dong Woon ဆိုတဲ့လူငယ် ခြောက်ယောက်နဲ့ဖွဲ့စည်းထားပြီး CUBE Entertainment ကနေထုတ်လုပ်ထားပါတယ် ။

"" Every day I shock (shock)
Every night I shock (shock) ""

သူငယ်ချင်းတို့ ရသနှစ်မျိုးခံစားနိုင်အောင် MUSIC VIDEO ရော KBS-2 ရုပ်သံမှာဖြေဖျော်သွားတဲ့ရှိုးပွဲလေးကိုပါ တင်ပြလိုက်ပါတယ်

Music Video


SHOW AT KBS- 2


너 때문에 미쳐(I AM CRAZY FOR U)-T ARA

BO PEEP BO PEEP ဆိုတဲ့ လက်ရှိရေပန်းစားနေတဲ့ သီချင်းလေးနဲ့အတူ လူကြိုက်များနေတဲ့ T ARA အဖွဲ့ရဲ့ 너 때문에 미쳐( U DRIVE ME CRAZY ) ဆိုတဲ့သီချင်းအသစ်လေးပါ ။ ဖန်းတီးထားတဲ့ အသံလေးတွေရယ် ဆိုထားတာလေးတွေရယ် ကထားတာလေး တွေကြောင့် ကြိုက်မိနေတယ်..
ဒီရှိုးပွဲလေးကိုခံစားကြည့်ပါလား..
"" oh! oh! oh! oh! oh! oh! oh! oh!
철없게 철없게 철없게
철없게 철없게 철없게 살다가 미쳐
oh! oh! oh! oh! oh! oh! oh! oh!
철없게 철없게 철없게
철없게 철없게 살다가 내가 미쳐 ""

Monday, March 1, 2010



LOLLIPOP Part 2- BIG BANG

ပြည်ပ ဖျော်ဖြေပွဲတွေများနေပြီး အဖွဲ့လိုက်သီချင်းတွေ ထက်တယောက်ချင်း သီချင်းတွေသာထွက်နေတဲ့ ပျိုလေးတို့ရဲ့ အသည်း
BIG BANG အဖွဲ့ရဲ့ သီချင်းအသစ်လေးပါ ။ LG (CYON) ကထုတ်လုပ်တဲ့ LOLLIPOP ဖုန်းကြော်ငြာတဲ့ သီချင်းလေးပါ ။ ခပ်မြူးမြူးလေးနဲ့ မိုက်တယ် ...

"" Girl you’re my lollipop
Oh girl, you’re my lolli-lolli
Girl you’re my lollipop
Hey let’s get it poppin poppin
Girl you’re my lollipop
Oh girl, you’re my lolli-lolli
Girl you’re my lollipop
Gotta gotta get down now
Everybody just bounce now ""


이 사람이다-김종국(GIM JONE GU

သီချင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့ ဆိုတတ်တဲ့ GIM JONE GU ရဲ့ 이 사람이다 ဆိုတဲ့ သီချင်းလေးပါ ။ အသံလေးနဲ့လိုက်တဲ့ သီချင်းကောင်းလေးဖြစ်လို့ ကြိုက်မိနေပါတယ် ။ 101 Entertainment ကနေ ထုတ်လုပ်ထားပါတယ် ။

"" 이 사람이다 이제야 찾아온 사랑이다
그냥 느낌으로 알아 말도 안되지만
이 순간을 위해 살아온 것 같아 ""