Wednesday, December 23, 2009



사랑경보 - H - EUGENE (FEAT..JU HYEE)

ခုတလော လူကြိုက်များနေတဲ့ H - EUGENE ရဲ့ 사랑경보 ဆိုတဲ့ RAP သီချင်းလေးပါ ။ EIGHT အဖွဲ့ရဲ့ အဆိုရှင်မလေး JU HYEE က
Feat လုပ်ပေးထားတာလေးက နားထောင်လို့ ပိုကောင်းစေပါတယ် ။ UUM Entertrainment ကထုတ်လုပ်ထားပါတယ် ။


NO LOVE NO MORE - PARK JIN YOUNG

K - POP လောကရဲ့ ဘုရင်တဆူဖြစ်တဲ့ PARK JIN YOUNG ရဲ့ အသစ်ထွက်တဲ့ Album ထဲက NO LOVE NO MORE ဆိုတဲ့ သီချင်းလေးပါ ။ JYP Entertrainment ကိုတည်ထောင်ထားပြီး ကိုယ်တိုင်သီဆိုယုံတင်မက အဆိုရှင်မျိုးဆက်သစ်တွေကို မွေးထုတ်ပေး နေတဲ့ ဂီတပါရမီရှင်တယောက်ဖြစ်ပါတယ် ။

Music Video လေးကလည်း စိတ်ဝင်စားစရာပါ ။

" NO LOVE NO MORE "
" NO LOVE NO MORE "

Friday, December 11, 2009



너 때문에 - AFTER SCHOOL
လက်ရှိမှာ NO.1 ဖြစ်နေတဲ့ AFTER SCHOOL ရဲ့ 너 때문에(Because of You) ဆိုတဲ့ သီချင်းလေးပါ ။ Album တခုထွက်တိုင်း အဖွဲ့ဝင်အပြောင်းအလဲဖြစ်တတ်တဲ့ အတိုင်း အခုလည်း ယခင် ခြောက်ယောက်ကနေ တယောက်ထွက်သွားပြီး အသစ်နှစ်ယောက်တိုးလာလို့ ခုနှစ်ယောက်ဖြစ်သွားပါတယ် ။ Gar Hyee , Jungah , yui , Ju Yoen , Baega တို့ဟာ ယခင်အဖွဲ့ဝင်ဟောင်းတွေဖြစ်ပြီး NaNa , Reinaတို့ဟာ ယခုအသစ်ဝင်လာသူလေးတွေဖြစ်ပါတယ် ။ သံစဉ်လေးရော စာသားလေးပါ လှတာမို့ လက်ရှိ NO.1 ဖြစ်နေတာမဆန်းပါဘူး ။ Pledis Entertrainment ကနေထုတ်လုပ်ထားပါတယ် ။

"" 아직도...나 그대를...잊지 못해
I never forget ... boy I never forget ... boy ""

ဒါကတော့ Music Video လေးပါ ။


သူငယ်ချင်းတို့ ရသနှစ်မျိုးခံစားနိုင်အောင် SBS ရုပ်သံမှာဖျော်ဖြေသွားတာလေးကိုပါ တင်ပြလိုက်ပါတယ် ။ ခံစားလိုက်ပါဦး ...


Bo Peep Bo Peep - T-ARA
ယခုနှစ်အတွင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး K-POP လောကမှာနေရာရလာတဲ့ T-ARA ရဲ့ Absolute First Album ထဲက Bo Peep Bo Peep ဆိုတဲ့Dance သီချင်းလေးပါ ။ Eun Jung , Hyo Min , Ji Yeon , So Yeon , Bo Ram , Qu Ri ဆိုတဲ့ကောင်မလေး ခြောက်ယောက်နဲ့
ဖွဲ့စည်းထားပြီး Core Contents Media မှထုတ်လုပ်ထားပါတယ် ။


YOU YOU YOU - T-ARA
အဲ့ဒီ Album လေးထဲက နားထောင်ကောင်းတဲ့ RAP သီချင်းလေးပါ ။

FALLING U - T-ARA
နောက်ထပ် Repeat လုပ်မိအောင် နားထောင်ကောင်းတဲ့ R&B သီချင်းချိုချိုလေးပါ ။ ဒီ Album လေးထဲမှာ ဒီသီချင်းလေးကို အကြိုက်မိ
ဆုံးပါဘဲ ။

어렵고도 쉬운 - F(x) (Luna & Krystal)




F(x) အဖွဲ့ရဲ့ ကောင်မလေးနှစ်ယောက်ဖြစ်တဲ့ Luna & Krystal တို့ရဲ့ 천하무적이평강OST part.3 ဇာတ်ကားအတွက် သီဆိုထားတဲ့
어렵고도 쉬운 ဆိုတဲ့ ဇာတ်ဝင်သီချင်းအေးအေးလေးပါ ။ SM Entertrainment ကနေထုတ်လုပ်ထားပါတယ် ။

어렵고도 쉬운 - F(x) (Luna & Krystal)

အဖွဲ့ဝင် အသစ်တယောက် အပြောင်းအလဲနဲ့အတူ SEEYA ရဲ့ဆိုနေကြပုံစံမဟုတ်တော့ဘဲ အသွင်သစ်သီချင်းပုံစံလေးနဲ့ ပြန်လာတဲ့
그 놈 목소리 ဆိုတဲ့နားထောင်ကောင်းတဲ့ခပ် မြူးမြူး Dance သီချင်းလေးပါ ။ Lee Bo Ram , Kim Yeon Ji , SuMi ဆိုတဲ့ ကောင်
မလေးသုံးယောက်နဲ့ ဖွဲ့စည်းထားပြီး Core Contents Media မှထုတ်လုပ်ထားပါတယ် ။

그 놈 목소리 - SEEYA