Wednesday, November 18, 2009



Heartbeat - 2PM

ဒီနှစ် ၂၀၀၉ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသားအဖွဲ့လိုက်ဆုနဲ့ အကောင်းဆုံး အဆိုရှင်ဆုကို ရဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့
နုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ 2PMရဲ့ အဖွဲ့ခေါင်းဆောင် JaeBeom နုတ်ထွက်ပြီးနောက်ပထမဆုံး ပြန်လည် ထွက်ရှိတဲ့ Heartbeat ဆိုတဲ့သီချင်းလေးပါ ။ JaeBeom , JunSu , ChanSung , JunHo , WooYoung , HtetYoun , Nichkhun ဆိုတဲ့ လူငယ်
၇ ယောက်နဲ့ ဖွဲ့စည်းထားပေမယ့် မကြာသေးမီက ခေါင်းဆောင် JaeBeom နုတ်ထွက်သွားပြီး ၆ ယောက်သာကျန်တဲ့ 2PM အဖွဲ့ရဲ့
ကိုဒီသီချင်းလေးကိုJYP Entertrainment မှထုတ်လုပ်ထားပါတယ် ။တမူထူးခြားတဲ့ သီချင်းပုံစံရယ် ကကွက်တွေရယ်ကြောင့်
ပရိသတ်တွေ အကြိုက်တွေ့ပြီး ထပ်မံအောင်မြင်ဦးမှာပါ ။ SBS ရုပ်သံမှာ ဖျော်ဖြေသွားတဲ့ ဒီသီချင်းလေးရဲ့ ပထမဆုံး ရှိုးပွဲလေးကို
အောက်ဘက်မှာ ရှုစားကြည့်လိုက်ပါဦး ။ တင်ဆက်ပုံနဲ့ ကကွက်တွေက တမူထူးခြားလို့ ပရိသတ် အကြိုက်တွေ့နေကြပါတယ် ..
"" Listen to my heartbeat....
It's beating for you

Listen to my heartbeat....
It's waiting for you ...................""

Tuesday, November 17, 2009



WEDDING DRESS - TAE YANG ( 태양 )

BIG BANG အဖွဲ့ရဲ့ R & B အဆိုရှင် TAE YANG ( 태양 ) ရဲ့ WEDDING DRESS ဆိုတဲ့ သီချင်းလေးပါ ။ သူဆိုနေကျပုံစံ အတိုင်း
R & B သီချင်းငြိမ့်ငြိမ့်လေးနဲ့ ဖန်တီးထားတဲ့ ကကွက်ကလေးတွေရယ် Music Video ဇာတ်လမ်းလေးတွေက ရင်ထဲကိုထိစေပါတယ် ။
ပရိသတ်တွေကို ပြုစားနိုင်လောက်တဲ့ ဒီသီချင်းလေးကို YG Entertrainment ကနေ ထုတ်လုပ်ထားပါတယ် ။ ခံစားကြည့်လိုက်ပါနော်..

"" 네가 입은 Wedding Dress

네가 입은 Wedding Dress

내가 아니잖아

Wedding Dress

oh !!! 네가 입은 Wedding Dress !!! oh no !! ""





CHU ♡ - f(x)

f(x) ရဲ့ဒုတိယမြောက် ထွက်လာတဲ့ Chu♡ ဆိုတဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးပါ ။ ပထမ ထွက်ရှိခဲ့တဲ့ LACHATA မှာ ကတည်း
က ပရိသတ်တွေ ရခဲ့တဲ့ f(x) တို့ အခုလည်း ပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာပါ ။ SM Entertrainment ကထုတ်လုပ်ထားတဲ့
ချစ်စရာကောင်းတဲ့ကောင်မလေး ငါးယောက်ရဲ့ Chu♡ - Music Video လေးကိုလည်း ကြည့်လိုက်ဦးနော်...

"" Do do it, Chu~♡ (It’s) true, true, true, true it`s You~ Do do it, Chu~♡ ""


Wednesday, November 4, 2009



You And I - PARK BOM (박봄)
2NE1 အဖွဲ့ရဲ့ အသံအကောင်းဆုံးဖြစ်တဲ့ PARK BOM ရဲ့ သီချင်းလေးပါ ။ I DON'T CARE သီချင်းမှာ ကတည်းက သူဆိုထားတာလေး
က လူတွေကို အကြိုက်ပိုမိစေခဲ့တာပါ ။ အသံအားကလည်းကောင်း အဆိုလည်းကလည်းပိုင် ရုပ်ကလေးကလည်းချောဆိုတော့ ကြိုက်တယ်ဗျာဘုံလေးကို ဟဲဟဲ ။ လက်ရှိမှာ NO.1 ဖြစ်နေတဲ့ ဒီသီချင်းကလေးကို YG Entertainmentကထုတ်လုပ်ထားပါတယ် ။

''"No matter what happens ..Even when the skies fall off now ..
I promise you ...That I'll never let you go ..............................'''

"""You and I together It just feels so right """"
"""just you and I.. Forever and ever.. """""





I WANT YOU BACK - SECRET

NEW GIRL BAND လေးဖြစ်တဲ့ SECRET အဖွဲ့ရဲ့ I WANT YOU BACK ဆိုတဲ့ သီချင်းလေးပါ ။ HYO SONG , GI ON , JIN GAW , SONG HYWER ဆိုတဲ့ကောင်မလေး လေးယောက်နဲ့ ဖွဲ့စည်းထားပြီး TS Entertainment ကနေထုတ်လုပ်ပေးထားပါတယ် ။ သံစဉ်
ချိုချိုလေးရယ် ရက်ပ်ချိုချိုလေးရယ် စာသားလေးတွေကြောင့် ကြိုက်မိနေတယ် ။ နားထောင်ကြည့်ပါလား ................................
" I WANT YOU BACK ...YOU BACK "

3 YEARS 6 MONTHS - SECRET

ဒီသီချင်းလေးကလည်း နားထောင်ကောင်းတဲ့ ရက်ပ်သီချင်းအေးအေးလေးပါ ။