Saturday, October 31, 2009



Chocolate Love-Girls' Generation (소녀시대)

Tae Yeon ,Tiffany , Jessica , Yoona , Soo Young , Yuri , Sunny , Seo Hyun , Hyo Yeon စတဲ့ နတ်မိမယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Girls' Generation (소녀시대) အဖွဲ့ ရဲ့ CYON ဖုန်းကြော်ငြာတဲ့ Chocolate Love ဆိုတဲ့ သီချင်းလေးပါ ။ ရုပ်ကလေးတွေချောသလို သီချင်းလေးတွေကလည်း နားထောင်ကောင်းလို့ ယနေ့ ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ ဖြစ်နေတဲ့ Girls' Generation (소녀시대) အဖွဲ့ရဲ့ ဒီသီချင်းကလေးကို SM Entertainment က ထုတ်လုပ်ထားပါတယ် ။ .... " I got you babe..,.. I call.,.. I call it chocolate love ".............

နတ်မိမယ်လေးတွေ ဟုတ်မဟုတ် ဒီ Music Video လေးကို ရှုစားလိုက်ပါနော်....chocolate love....



WHERE U AT- TAE YANG

BIG BANG အဖွဲ့ရဲ့ ထူးခြားတဲ့ အသံရှင်ဖြစ်ပြီး အကကောင်းတဲ့ TAE YANG ရဲ့ WHERE U AT ဆိုတဲ့ သီချင်းလေးပါ ။ ပညာပါပါဆိုတတ်တဲ့ သူ့အသံရယ် တီးထားတဲ့ တေးသွား ပုံစံကြောင့် နှစ်သက်မိပါတယ် ။ အကြိုက်မိဆုံးက တော့ ဒီသီချင်း ရဲ့ Music Video မှာ ကသွားတဲ့ သုံးယောက်ကကွက် လေးတွေပါ ။ YG Entertainment ကထုတ်လုပ်ထားတဲ့ TAE YANG ရဲ့....." WHERE U AT ..Girl .."

Music Video လေးပါ ...ကသွားတာလေးတွေ...မိုက်တယ်....

Sunday, October 25, 2009



KISS - SANDARA PARK (Feat...CL)

2NE1 အဖွဲ့ရဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်-ကိုးရီးယားသူလေး SANDARA PARK (산다라박) ရဲ့ KISS ဆိုတဲ့သီချင်းလေးပါ။
အဖွဲ့ခေါင်းဆောင် CL က Feat လုပ်ပေးထားတဲ့ 2NE1 အဖွဲ့ရဲ့ဆိုနေကျ Dance pop ပုံစံခပ်မြူးမြူးတေးလေးပါ ။ " I just wanna kiss I never wanna miss " ...2NE1....


사랑인걸요- TAE YEON & SUNNY [Girls' Generation (소녀시대)]

Girls' Generation (소녀시대) အဖွဲ့ရဲ့ TAE YEON နဲ့ SUNNY သီဆိုထားတဲ့ 맨땅에 헤딩 ရုပ်သံဇတ်လမ်းတွဲ ထဲက 사랑인걸요 ဆိုတဲ့ သီချင်းအေးအေးလေးပါ ။ ရှိုက်သံလေးတွေနဲ့ခံစားမှုအပြည့်သီဆိုထားလို့ ရင်ထဲကိုထိသွားစေတဲ့ 이게.. 사랑인걸요...

Saturday, October 17, 2009




30 MINUTES AGO - LEE HYUN(Feat -IMM CHOUNG HYEE )

8Eight အဖွဲရဲ့ အသံအကောင်းဆုံးဖြစ်တဲ့LEE HYUN ရဲ့ တကိုယ်တော် အယ်ဘမ်လေးထဲက 30 MINUTES AGO ဆိုတဲ့ သီချင်းလေးပါ ။ ခံစားမှုအပြည့်နဲ့ရှိုက်ဆိုတတ်တဲ့ သူ့ရဲ့ထူးခြားတဲ့အသံရယ် အဆိုပိုင်နိုင်မှုရယ်ကြောင့် နားထောင်ရင်း ဆိုင်သူကိုသတိရစေမယ့် သီချင်းလေးပါ ။ IMM CHOUNG HYEE က Feat လုပ်ထားတာလေးကလည်းပိုနားထောင်ကောင်းစေပါတယ် ။



LA CHA TA - F(X)


Girl' s Generation (소녀시대) နောက် SM Entertainment မှ ထပ်မံမြေတောင်မြှောက်ပေးလိုက်တဲ့ F(X) အဖွဲ့ရဲ့ LACHATA ဆိုတဲ့ သီချင်းလေးပါ ။ VICTORIA , AMBER , KRYSTAL , SUL LI , LUNA ဆိုတဲ့ ကောင်မလေး ငါးယောက်နဲ့ဖွဲ့စည်းထားပြီး လက်ရှိလူကြိုက်များနေတဲ့ အဖွဲ့လေးဖြစ်ပါတယ် ။ LA CHA LA CHA.... TA TA......

ဒါကတော့ MUSIC VIDEO လေးပါ....................

လူဆိုတာ အုံလိုက်ကျင်းလိုက်နေထိုင်တဲ့ သတ္တ၀ါတွေဘဲ

မင်းမရှိတဲ့ အချိန်တိုင်းတော့ မိုးကောင်းကင်ကို ခေါင်းနဲ့ ၀င်တိုက်ဖူးတာ

အခါခါဘဲ ။

မနက်ဘက် ထွက်ခွါသွားတဲ့ ရထားတစ်စင်းဟာ ညနေမှာပြန်ဆိုက်ကပ်မှာလား

ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်

ညနေတိုင်းဘဲ ။

ဦးထုပ် ခပ်ငိုက်ငိုက်မှောင်နေတဲ့ ဘူတာအိုလေးထဲမှာ

ဥသြသံတွေကို မျှော်လင့်နားစွင့်ရင်း အခါခါထကြည့်မိတယ်

မင်းမှမဟုတ်တာဘဲ ။

ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွတ်ခြင်း ဘယ်ဟာက ပိုလက်တွေ့ကျသလဲ

ငါကတော့ ငါ့ရင်ဘက်ကြိုးတွေကို သွေးအလိမ်းလိမ်းနဲ့ ဖြေလျှော့ပေးခဲ့တာပါ

မင်းထွက်သွားနိုင်ဖို့ဘဲ ။

ဒီဘူတာလေးနဲ့ သံလမ်းလေးတွေကို အမြဲရှင်းသန့် နေစေခဲ့တာ မြင်နိုင်မလား

အိုဟောင်းနေပေမယ့် ဒဏ်ရာ စုတ်ချက်တွေကြောင့် ရင့်ကျက်နေခဲ့ပြီလေ

မင်းပြန်လာမယ်ထင်နေတုန်းဘဲ ။

မည်မျှ
မည်၍
မည်သည့်နေ့

ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်

Wednesday, October 7, 2009


안 줄래-4Minute

4minute အဖွဲ့ရဲ့ နောက်ထပ်နားထောင်းကောင်းတဲ့ 안 줄래 ဆိုတဲ့သီချင်းလေးပါ ။ 안 줄래 줄래 줄래 ah ah aaa